Saturday, June 25, 2011

ဗီတာမင်ဘီတွဲ (B12) (or) Cobalamin

ဗီတာမင်ဘီတွဲ (B12)ဟာ အာရုံကြောအဖွဲ့အစည်း၌ မရှိမဖြစ်အရေးပါသလို အစာစားလိုစိတ်ကို ထိန်းချုပ်ရာ၌လည်း ပါဝင်ပါတယ်။ ငယ်ရွယ်စဉ်အခါ ကြီးထွားမှု၌လည်း လိုအပ်ပါတယ်။ B12ကို အပင်များမှာ မတွေ့ရသောကြောင့် သက်သက်လွတ်သမားများဟာ အဆိုပါဗီတာမင်ချို့တဲ့ကြပါတယ်။

အဆိုပါဗီတာမင်ချို့တဲ့လျှင် သွေးအားနည်းရောဂါ၊ ဆံပင်မသန်စွမ်းခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ နှင်းခူ (သို့) အရေပြားရောင်ရမ်းခြင်း၊ ကြွက်သားများ နာကျင်ထိခိုက်လွယ်ခြင်း၊ စိတ်ဆတ်ခြင်းနဲ့ စိုးရိမ်စိတ်ကြီးခြင်း၊ မှတ်ဥာဏ်အားချို့ယွင်းခြင်းတို့ ဖြစ်တတ်ပါတယ်။

ကုထုံးများ
B12လုံလောက်စွာမစားသုံးလျှင် သွေးထဲ၌ အောက်စီဂျင်ကိုသယ်ဆောင်ပေးတဲ့ သွေးနီဥများလျော့နည်းကာ ပင်ပန်းအားယုတ်ပြီး သွေးအားနည်းဝေဒနာ ခံစားရတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်အများစုမှာ Vitamin B12ဖြည့်စွက်စာနဲ့ ထိုးဆေးများကို ကျယ်ကျယ်ပြန့်ြုပန့် ညွှန်ကြားပေးနေကြပါတယ်။
ဦးနှောက်ရဲ့ စိတ်ခံစားမှုနဲ့ အိပ်စက်မှုကို ထိန်းချုပ်ပေးတဲ့  စီရိုတိုနင်နဲ့ ဒိုပါမင်းဓါတုပစ္စည်းများ ထုတ်လုပ်မှုမှာလည်း ပါဝင်ပါတယ်။ အများအပြားသုံးစွဲလျှင် စိတ်ကျရောဂါကို လျော့နည်းစေပြီး စိတ်အာရုံတိုးတက်စေပါတယ်။
B12ချို့တဲ့လျှင် သွေးအားနည်းစေပါတယ်။ ကလေးများကို B12ထိုးဆေးထိုးခြင်းဖြင့် ခွန်အားတိုးပွားလာကာ ကြီးထွားကျန်းမာသန်စွမ်းစေပါတယ်။ ဒါ့အပြင် ကလေးဘဝမှစ၍ တဖြည်းဖြည်းဖြစ်လာသော အထီးကျန်စိတ်ဝေဒနာရှင်ကလေးငယ်များအား စိတ်ပုံမှန်တည်ငြိမ်မှုရှိစေရန် B12ထိုးဆေးများကို ၁ရက်ခြားထိုးပေးရလေ့ရှိပါတယ်။


ဖြည့်စွက်စာ
ဗီတာမင်ဘီတွဲ (B12)ကို အသည်းမှာ သိုလှောင်ထားနိုင်ပါတယ်။ Multivitamin ဆေးပြားများ၌ B12 1mcgပါဝင်လေ့ရှိပြီး သာမန်လူတယောက်အဖို့ သုံးစွဲရန် လုံလောက်ပါတယ်။ သက်သက်လွတ်သမားများမှာ  B12ပမာဏများတဲ့ ဖြည့်စွက်စာစားသုံးဖို့ လိုပါတယ်။ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်နဲ့ သက်ကြီးရွယ်အိုများမှာ B12ပမာဏအနည်းငယ်ပိုမိုလိုအပ်ပြီး အသက်ကြီးလာတာနဲ့အမျှ B12စုပ်ယူနိုင်မှု လျော့နည်းသွားပါတယ်။ အရက်နဲ့ဆေးလိပ်သုံးစွဲသူများ၊ အစာအိမ်ဆေးမှီဝဲနေရသူများမှာ B12ပမာဏပိုမိုလိုအပ်ပါတယ်။ 100mcg အထိ သောက်သုံးနိုင်ပါတယ်။ ဖောလစ်အက်ဆစ်နဲ့ ဘီကွန်ပလက်ဆေးများနဲ့လည်း ကောင်းမွန်စွာ တွဲဖက်သုံးစွဲနိုင်ပါတယ်။

အရင်းအမြစ်
ကြက်ဥ၁လုံး၌ နေ့စဉ်သတ်မှတ်ချက် ခွင့်ပြုနှုန်းထား(RDA) အလုံအလောက်ပါရှိပါတယ်။ အသည်း၊ အမဲသား၊ ဝက်သား၊ ငါးကြင်းဖြူ၊ ကြက်ဥ၊ Fortified Breakfast Cereal၊ Yeast Extract နဲ့ နွားနို့စသည်တို့စားသုံးခြင်းမှလည်း B12ကို ရရှိစေပါတယ်။
















































No comments: