Sunday, May 1, 2011

တရားရှုမှတ်ခြင်းနဲ့ ကျန်းမာရေးဆက်စပ်မှု








တရားထိုင်လေ့ကျင့်ခြင်းဟာ အစွမ်းထက်တဲ့ဆေး(မော်ဖင်း)သောက်ခြင်းထက် နာကျင်မှုဝေဒနာကို ပိုမိုလျင်မြန်စွာ သက်သာစေနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။ တရားထိုင်ခြင်းဟာ ဟိုဟိုဒီဒီတွေးတောအာရုံပျံ့နှံ့မှုမရှိပဲ သတိရှိကာ ဝင်သက်ထွက်သက်များကို စူးစိုက်မှတ်ယူနိုင်ပါတယ်။

နောက်ထပ်တွေ့ရှိချက်ကတော့ တရားရှုမှတ်ကျင့်ကြံပြီးနောက် နာကျင်မှု၊ ခံစားမှုအာရုံ လှုံ့ဆော်တည်ရှိရာ ဦးနှောက်ဝန်းကျင်ဟာ ဘယ်လောက်ပဲ နာကျင်ခံစားမှုပြင်းထန်နေပါစေ၊ ပြေလျော့ကာ စိတ်တည်ငြိမ်အေးချမ်းလာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။

အလားတူ ယောဂကျင့်စဉ်ဟာလည်း တရားရှုမှတ်ခြင်းနဲ့ သဘောသဘာဝတူညီတဲ့ ကျန်းမာရေးလေ့ကျင့်ခန်း နည်းလမ်းကောင်းတရပ် ဖြစ်ပါတယ်။ ယောဂကျင့်နေစဉ်အတွင်း ကြွက်သားများအားလုံးပြေလျော့လာခြင်း၊ အသက်ရှူမှု နှေးကွေးခြင်း၊ သွေးဖိအားနည်းခြင်း၊ စိတ်ဖိစီးမှု၊ဒေါသနဲ့ စိတ်ပူပန်ကြောင့်ကြမှုများ ပြေလျော့လာပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ အတွေးအခေါ်များ ပိုမိုရှင်းလင်းပြတ်သားလာပြီး တီထွင်ဖန်တီးနိုင်စွမ်းရည်ရှိလာတာကို တွေ့မြင်ရပါမယ်။

ဒါကြောင့် သွေးဖိအားဝေဒနာ၊ သွေးလှည့်ပတ်စီးဆင်းမှု မညီမျှခြင်း၊ စိတ်ဖိစီးမှုဝေဒနာ၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ လက်ချောင်းနဲ့ လက်များထုံနာကျင်နာ၊ လိင်မှုဆိုင်ရာပြဿနာ၊ ပန်းနာရင်ကြပ်ကဲ့သို့ အသက်ရှူလမ်းကြောင်းဝေဒနာနဲ့ အိပ်မပျော်တဲ့ဝေဒနာများကို ယောဂကျင့်ခြင်းနဲ့ ကောင်းမွန်စွာ သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ကိုယ်ဂန်ဆောင်နေစဉ်အတွင်း ယောဂကျင့်ခြင်းအားဖြင့် မီးဖွားရလွယ်ကူစေပါတယ်။

ဒါပေမယ့် သတိပြုရမယ့်အချက်ကတော့ သင့်ခါးမှာထိခိုက်မိတဲ့အတွက်ကြောင့်   ကောင်းကောင်းမကွေးဆန့်နိုင်ပါက ယောဂမကျင့်သင့်ပါ။ ဒါ့အပြင် သင့်မှာသွေးတိုးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ ဆီးချို၊ အူကျွံနာနဲ့ မျက်စိဝေဒနာခံစားနေသူများဟာ အရင်ဦးဆုံး ဆရာဝန်ရဲ့အကြံဥာဏ်ကို တောင်းခံပြီးမှ ကျင့်ကြံသင့်ပါကြောင်း။

စကားချပ်- ခန္ဓာကိုယ်သွယ်လျကျစ်လျစ်လှပပြီး နုပျိုကျန်းမာစေဖို့ ယောဂဟူသော တရားကျင့်စဉ်ကို ကျင့်ကြံအားထုတ်ကြပါစို့။







2 comments:

December Mgmg said...

ဖတ်သွားတယ် ။ ဗဟုသုတ တိုးစေတဲ့ အတွက် ကျေးဇူးပါ ။ ထိုင်ပုံထိုင်နည်းကို သိအောင် ထည့်ရေးစေချင်တယ် ။

San Yin Mon said...

Yes, sure. Thanks for ur best comments.