Wednesday, March 23, 2011

အင်တာနက်ကောင်းကျိုးနဲ့ဆိုးကျိုး

ယနေ့ခေတ်မှာ အင်တာနက်က မရှိမဖြစ်အရေးပါတဲ့ အစွမ်းထက်ဆုံး ဆက်သွယ်ရေးကွန်ယက်၁ခုဖြစ်ပြီး ကမ္ဘာအနှံ့သုံးစွဲနေကြပါတယ်။ ယနေ့ကမ္ဘာတဝှမ်း ဖြစ်ပျက်နေတဲ့သတင်းအချက်အလက်များ၊ ဖျော်ဖြေရေး၊ နည်းပညာနဲ့ အခြားဝန်ဆောင်မှုများစွာကို ပေးစွမ်းနိုင်တဲ့ စွမ်းအားရှင်၁ပါးလည်း ဖြစ်ပါတယ်။

သင်သိချင်တဲ့ ဘယ်အကြောင်းအရာကိုမဆို web browserမှာ သင်ရှာဖွေမယ့်အရာကို Key boardပေါ် ရိုက်ထည့်ပြီး Enterနှိပ်လိုက်ရုံနဲ့ အဆိုပါအကြောင်းအရာနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် သူငယ်ချင်းမိတ်ဆွေတိုးပွားလိုရင် Chat Roomsထဲကို ဝင်ပြီးရှာလို့ရပါတယ်။ တချို့က အင်တာနက်ဟာ သူငယ်ချင်းနဲ့ မိသားစုအကြား ဆက်ဆံခင်မင်ရင်းနှီးမှု အားရဖွယ်မရှိကြောင်း ပြောကြပါတယ်။ အထူးသဖြင့် အချင်းချင်းမိတ်ဖွဲ့ကြမယ်ဆိုပါစို့။ အွန်လိုင်းကနေသိတာနဲ့ လူချင်းအပြင်မှာရင်းနှီးတာ မတူပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့အကြောင်းကို သူပြောတဲ့အကြောင်းအရာပေါ် အခြေခံပြီး ထင်မြင်ကောက်ချက်ယုံကြည်မိနိုင်ပါတယ်။ အမှန်တကယ်မှာတော့ သူရဲ့အကြောင်း ခရေစေ့တွင်းကျ မသိနိုင်ပါဘူး။

ပိုဆိုးတာက အမျိုးသားနဲ့အမျိုးသမီးကြား အပြင်မှာ မမြင်ဘူးကြဘဲ အွန်လိုင်းကနေတဆင့် သိကျွမ်းပြီး သူတို့ရဲ့အကြောင်း၊ ပုံသဏ္ဍာန်နဲ့ အသက်အရွယ်များကို လိမ်ညာလုပ်ဇာတ်ခင်းပြီး ဇာတ်လမ်းထွင်ကြပါတယ်။ ဒါတွေကိုမသိဘဲ အဟုတ်ထင်ပြီး အထင်ကြီးကာ အချိန်တိုအတွင်း ညားကွဲသွားကြတဲ့ သာဓကများစွာရှိပါတယ်။ ဒ့ါကြောင့် အွန်လိုင်းကနေ ချစ်သူမရှာကြပါနဲ့။

ဒါ့အပြင် အင်တာနက်ကနေ အပြင်ထွက်စရာမလိုပဲ ဈေးဝယ်ခြင်း၊ ပညာရပ်လေ့လာသင်ကြားခြင်း၊ အလုပ်လုပ်ကိုင်ရှာဖွေခြင်း၊ ဘဏ်လုပ်ငန်းနဲ့ သတင်းအချက်အလက်များရှာဖွေစုဆောင်းခြင်း စသည်တို့ကို ကျွမ်းကျင်စွာအသုံးချတတ်လျှင် အချိန်ကုန်သက်သာစေတဲ့ အကောင်းဆုံးနည်းလမ်းလဲ ဖြစ်ပါတယ်။ ကိုယ်ရေးလိုတဲ့ အကြောင်းအရာများကို ကိုယ်ပိုင်ဘလော့၁ခုဖန်တီးပြီး ဗဟုသုတများကိုလည်း မျှဝေနိုင်ပါတယ်။ အီးမေးလ်မှတဆင့် ကိုယ်ပို့လို၊ ပြောလိုတဲ့အကြောင်းအရာများကို စာတိုက်သို့သွားစရာမလိုဘဲ စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

လူကဲ့သို့ပဲ ကွန်ပျူတာဟာ အင်တာနက်ကနေ ဒေါင်းလုပ်လိုက်တဲ့ Floppy Disksမှတဆင့် ဗိုင်းရပ်စ်ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာကို Virus Protection တပ်ဆင်ထားရပါမယ်။ ဒါ့အပြင် အင်တာနက်ကနေ ပုဂ္ဂိုလ်ရေးရာ အချက်အလက်များကို အလွယ်တကူမခိုးယူနိုင်အောင် သီးသန့်လျှို့ဝှက်နံပါတ်နဲ့ လုံခြုံစွာထိန်းသိမ်းထားရပါမယ်။ ကလေးသူငယ်များကိုလည်း အင်တာနက်ကနေ စိတ်ဓါတ်ရေးရာပျက်ပြားစေတဲ့ ဗီဒီယိုနဲ့ ဓါတ်ပုံကြည့်ခြင်း၊ ချက်တင်နဲ့ ဂိမ်းကစားခြင်းတို့ကို လူကြီးတို့က ထိန်းချုပ်ထားရပါမယ်။

သင်ဟာ အင်တာနက်နဲ့အလုပ်လုပ်သူမဟုတ်ရင်တော့ အချိန်နဲ့ ကန့်သတ်ပြီး အသုံးပြုရပါမယ်။ အင်တာနက်က သင့်ဘဝကို ထိန်းချုပ်သွားတာမျိုး မဖြစ်ပါစေနဲ့လို့ သတိပေးရင်း အင်တာနက်ကို အကျိုးရှိစွာ အသုံးပြုကြပါလော့။

2 comments:

ခနွဲ said...

ဟုတ်တယ်ဗျာ။ အခုလည်း ပြန်တွေးမိနေတယ်။ တစ်နေ့ကို ၁၈ နာရီလောက် နီးပါး အင်တာနက်သုံးဖြစ်နေတာ။ အင်တာနက်ကို ကိုယ်က သုံးနေတာလား အင်တာနက်က ကိုယ့်ကို ပြန်သုံးနေတာလား ဆိုပြီးတော့ပေါ့။

December Mgmg said...

မှတ်သားစရာပဲ။ အင်တာနက်က လူကို ဖျက်ဆီးတတ်သလို လူကို သင်ပြပေးတတ်တဲ့ ဆရာတစ်ယောက်လည်း ဖြစ်တာကို သိခွင့်ရတဲ့အတွက် ။
ဆက်လက်ပြီးတော့ အတွေ့ကြုံစကားကို ဝေငှနိုင်ပါတယ် ။ ။